အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 27:10 - Common Language Bible

``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပေါ လု က အ ချင်း တို့၊ ယ ခု သွား လျှင် သင်္ဘော နှင့် ကုန် များ ပါ ပျက် စီး မည် သာ မ ဟုတ်၊ ငါ တို့ အ သက် လည်း ဆုံး ပါး လိမ့် မည် ငါ မျှော် မြင် သည် ဟု သ တိ ပေး သော် လည်း၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ချင်း​လူ​တို့၊ ယ​ခု​မှာ​ပင်​လယ်​ကူး​လျှင် သင်္ဘော​နှင့်​ကုန်​များ​တို့​သည် ဆုံး​ရှုံး​သည်​သာ​မ​က၊ ငါ​တို့ အ​သက်​ပျက်​စီး​ရာ​သော ဘေး​အ​န္တ​ရာယ်​ရောက်​မည်​ကို ငါ​ထင်​မြင်​သည်​ဟု သ​တိ​ပေး၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“မိတ်ဆွေ​တို့၊ ဤ​ပင်လယ်​ခရီး​တွင် သင်္ဘော​နှင့်​ကုန်ပစ္စည်း​သာမက အကျွန်ုပ်​တို့​၏​အသက်​အပေါ်၌​ပင် ဘေးအန္တရာယ်​နှင့်​များစွာ​သော​ဆုံးရှုံး​မှု ကျရောက်​လာ​လိမ့်မည်​ဟု အကျွန်ုပ်​တွေ့မြင်​ရ​သည်”​ဟူ၍ ဆို​လေ​၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

“မိတ်ဆွေတို့… ဤ​ခရီးစဉ်​တွင် ကုန်​နှင့်​သင်္ဘော​သာမက ကျွန်ုပ်တို့​၏​အသက်များ​ပင် ထိခိုက်မှု​နှင့်​ဆုံးရှုံးမှုကြီး ဖြစ်လာ​လိမ့်မည်​ဟု ကျွန်ုပ်​ထင်မြင်မိပါသည်” ဟူ၍ သတိပေး​နှိုးဆော်လေ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 27:10
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​တော် မူ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တရား တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။


အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။


ကျွန်ုပ်​တို့​သည်​ကု​ပ​ရု​ကျွန်း​ကို​မြင်​ရ​သော​အ​ခါ ထို​ကျွန်း​၏​တောင်​ဘက်​မှ​ဖြတ်​၍​ရှု​ရိ​ပြည်​သို့ သင်္ဘော​လွှင့်​ကြ​လေ​သည်။ တု​ရု​မြို့​တွင်​ကုန်​ပစ္စည်း များ​ကို​ချ​ရ​မည်​ဖြစ်​၍ ထို​မြို့​တွင်​သင်္ဘော​ကို ဆိုက်​ကပ်​ကြ​၏။-


ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-


သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-


ကျမ်း​စာ​တော်​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ``အ​ကယ်​၍​သူ​တော်​ကောင်း​များ​ပင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​ခက်​ခဲ​ပါ​မူ ဘု​ရား​တ​ရား​မဲ့​သည့်​အ​ပြစ်​ကူး​သူ​တို့​အ​ဖို့ မည်​သို့​ဖြစ်​လိမ့်​မည်​နည်း''