အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
တမန်တော်ဝတ္ထု 23:7 - Common Language Bible ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။- Garrad Bible ရှင် ပြန် ထ မြောက် ခြင်း မ ရှိ၊ စေ တ မန် တော် နှင့် နံ ဝိ ညာဉ် မ ရှိ ဟု ဇ ဒ္ဒု ကဲ တို့ ယူ ရာ၊ ထို နှစ် မျိုး လုံး ရှိ ကြောင်း ဖာ ရိ ရှဲ တို့ ဝန် ခံ တတ် သည့် အ လျောက် ထို စ ကား ကြောင့် ဖာ ရိ ရှဲ တို့ တစ် ဘက်၊ ဇ ဒ္ဒု ကဲ တို့ တစ် ဘက် အ ငြင်း အ ခုံ ဖြစ် ပေါ်၍ အ စည်း အ ဝေး တွင် လည်း ကွဲ ပြား ခြင်း ရှိ ၏။ Judson Bible ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤကဲ့သို့ ပေါလုပြောဆိုလိုက်သောအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ အစုအဝေးသည် အုပ်စုကွဲသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြောဆိုသောအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့အကြားတွင် အငြင်းအခုံဖြစ်၍ လွှတ်တော်သည်လည်း နှစ်ဖွဲ့ကွဲလေ၏။ |
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
``ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန်ငါ လာသည်ဟုမထင်ကြနှင့်။ ငါသည်ငြိမ်းချမ်း သာယာမှုပေးရန်လာသည်မဟုတ်။ ခိုက်ရန်ဖြစ် ပွားကြစေရန်သာငါလာ၏။-
မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
(ဇဒ္ဒုကဲတို့ကသေခြင်းမှထမြောက်ရှင် ပြန်ခြင်းဟူသည်မရှိ။ ကောင်းကင်တမန်မရှိ။ နာမ်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ သို့သော် ဖာရိရှဲတို့ကထိုအရာသုံးပါးလုံးပင်ရှိ သည်ဟုယုံကြည်လက်ခံကြ၏။)-