ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
တမန်တော်ဝတ္ထု 19:33 - Common Language Bible လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။- Garrad Bible ယု ဒ လူ မျိုး တို့ အ ထောက် အ ခံ ခိုင်း သော အာ လေ ဇ န္ဒြု ကို ပ ရိ သတ် ရှေ့ ဦး တည် စေ သည့် အ တိုင်း လက် ရိပ် ပြ လျက် အ စု အ ရုံး အား ချေ ပ မည် ပြု ရာ၊ Judson Bible ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတစ်ပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာစကားကို လူများတို့အား ပြောခြင်းငှာ အလိုရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့သည် အလက်ဇန္ဒြားဆိုသူတစ်ဦးကို ရှေ့သို့ထွက်စေ၍ လူအစုအဝေးထဲမှအချို့တို့ကလည်း သူ့ကိုထောက်ခံသဖြင့် အလက်ဇန္ဒြားသည် လက်ရိပ်ပြကာ လူစုလူဝေးအား ချေပပြောဆိုရန် ကြိုးစားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအုပ်ထဲမှ တချို့သည် အလက်ဇန်းဒါးကို လမ်းညွှန်လျက် ဂျူးတို့သည် သူ့အား လူများရှေ့သို့ထွက်စေသဖြင့် အလက်ဇန်းဒါးက ငြိမ်သက်ရန်လက်ရိပ်ပြ၍ လူအစုအဝေးကို ခုခံကာကွယ်ပြောဆိုရန် ကြိုးစားလေ၏။ |
ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။-
သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။
တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။
ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-