တမန်တော်ဝတ္ထု 19:34 - Common Language Bible34 သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible34 ယု ဒ လူ မျိုး ဖြစ် ကြောင်း သိ မြင် ကြ သော် ရှိ သ မျှ တို့ က ဧ ဖက် မြို့ သူ မြို့ သား တို့၏ ဘု ရား မ အာ တေ မိ သည် ကြီး မြတ် စွာ တ ကား ဟု နှစ် နာ ရီ ခန့် မျှ တစ် ပြိုင် နက် အော် ဟစ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible34 သူသည် ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မျှလောက် လူအပေါင်းတို့သည် တစ်သံတည်းနှင့် ဟစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်း လူတို့သိကြသောအခါ အားလုံးသည် တစ်သံတည်းဖြင့် “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု နှစ်နာရီခန့်မျှ ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့သော် သူသည် ဂျူးလူမျိုးဖြစ်သည်ကို လူအစုအဝေးတို့က သတိပြုမိလာကြသောအခါ “ဧဖက်မြို့၏အာတေမိနတ်ဘုရားမသည် ကြီးမြတ်၏” ဟု နှစ်နာရီခန့်မျှ တစ်သံတည်းဖြင့် ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-