ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
တမန်တော်ဝတ္ထု 16:15 - Common Language Bible သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။ Garrad Bible အိမ် သူ အိမ် သား တို့ ပါ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် အ ရှင် ဘု ရား ကို မု ချ ယုံ ကြည် သည် ဟူ၍ မှတ် ယူ ကြ လျှင် တ ပည့် တော် မ အိမ် သို့ လာ ရောက် တည်း ခို ကြ ပါ ဟု အား ကြီး စွာ ပင့် ခေါ် လျက် ငါ တို့ ကို နေ စေ၏။ Judson Bible ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။ |
ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
ကိုယ်တော်ထံသို့ယခုကျွန်တော်ယူဆောင်လာ သောလက်ဆောင်များကိုလက်ခံပါ။ ဘုရားသခင်သည်ကျွန်တော်လိုသမျှကိုပေးသနား တော်မူပါပြီ'' ဟုမနေမနားတိုက်တွန်း သဖြင့်ဧသောသည်လက်ဆောင်များကို လက်ခံလိုက်လေသည်။
တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
ဘုရားသခင်၏စေတမန်ဖြစ်ခြင်းကိုထောက်၍ ဘုရားသခင်၏စေတမန်အားလက်ခံသူသည် ထိုစေတမန်ခံစားရသောအကျိုးကိုခံစားရ လိမ့်မည်။ သူတော်ကောင်းဖြစ်ခြင်းကိုထောက်၍ သူတော်ကောင်းကိုလက်ခံသူသည် သူတော်ကောင်း ခံစားရသောအကျိုးကိုခံစားရလိမ့်မည်။-
သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-
ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။-
သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။-
သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။
တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
အရာရှိသည်ရထားကိုရပ်စေပြီးနောက် သူတို့ နှစ်ယောက်သည်ရေထဲသို့ဆင်းသွားကြပြီးလျှင် ဖိလိပ္ပုသည်အရာရှိအားဗတ္တိဇံမင်္ဂလာကို ပေး၏။-
ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။-
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
ထိုတရားတော်ကိုမသွန်သင်သောသူသည် သင်တို့ထံသို့ရောက်ရှိလာသောအခါ သင် တို့အိမ်တွင်လက်မခံကြနှင့်။ သူ့အားနှုတ် ခွန်းပင်မဆက်ကြနှင့်။-
ချစ်ဆွေ၊ သင်သည်မိမိမသိမကျွမ်းသူညီ အစ်ကိုများကိုပင်လျှင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့်ဆောင်ရွက်ပေသည်။-
သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။
ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-