မဿဲ 10:41 - Common Language Bible41 ဘုရားသခင်၏စေတမန်ဖြစ်ခြင်းကိုထောက်၍ ဘုရားသခင်၏စေတမန်အားလက်ခံသူသည် ထိုစေတမန်ခံစားရသောအကျိုးကိုခံစားရ လိမ့်မည်။ သူတော်ကောင်းဖြစ်ခြင်းကိုထောက်၍ သူတော်ကောင်းကိုလက်ခံသူသည် သူတော်ကောင်း ခံစားရသောအကျိုးကိုခံစားရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible41 ပ ရော ဖက် ဟူ သော အ မည် ကို ထောက်၍ ပ ရော ဖက် ဖြစ် သူ့ ကို လက် ခံ သော သူ သည် ပ ရော ဖက်၏ အ ကျိုး ကို ရ လိမ့် မည်။ သူ တော် ကောင်း ဟူ သော အ မည် ကို ထောက်၍ သူ တော် ကောင်း ကို လက် ခံ သော သူ လည်း သူ တော် ကောင်း၏ အ ကျိုး ကို ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible41 ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတ္တံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကိုလက်ခံသောသူသည် ဖြောင့်မတ်သောသူ၏အကျိုးကို ခံရလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း41 ပရောဖက်ဟူသောအမည်နာမကိုထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်နှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။ ဖြောင့်မတ်သောသူဟူသောအမည်နာမကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည်လည်း ဖြောင့်မတ်သောသူနှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း41 ပရောဖက်တစ်ပါးကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် လက်ခံသောသူသည် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ41 ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတ္တံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကိုလက်ခံသောသူသည် ဖြောင့်မတ်သောသူ၏အကျိုးကို ခံရလတ္တံ့။- အခန်းကိုကြည့်ပါ။ |
ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။-