Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 24:29 - Common Language Bible

29 သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 လွန် သွား မည် ပြု တော် မူ ရာ ထို သူ တို့ က ကျွန်ုပ် တို့ နှင့် တည်း ခို ပါ။ ည နေ အ ချိန် ရောက် လျက် နေ့ ကုန် လု ပြီ ဟု တိုက် တွန်း ပင့် ခေါ် ကြ သ ဖြင့် အ တူ တည်း ခို ရန် ကြွ ဝင် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သူ​တို့​က “မိုးချုပ်​ခါနီး​၍ တစ်နေ့တာ​လည်း ကုန်​လုနီး​ပြီ​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​နှင့်အတူ​တည်းခို​ပါ”​ဟု ဆို​လျက် ကိုယ်တော်​ကို​မရအရ​ဖိတ်ခေါ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည်​သူ​တို့​နှင့်အတူ​တည်းခို​ရန် လိုက်​သွား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 သို့သော် သူတို့​က ယေရှု​အား “မိုးချုပ်တော့မည်​ဖြစ်​သောကြောင့် အကျွန်ုပ်တို့​နှင့်အတူ တည်းခိုပါ” ဟု တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှု​သည် သူတို့​နှင့်အတူ​တည်းခို​ရန် လိုက်ပါသွားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:29
6 ပူးပေါင်းရင်းမြစ်များ  

ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။


တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-


အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။-


ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။-


စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။-


ထို​သူ​တို့​အ​ထဲ​တွင်​သွာ​တိ​ရဲ​မြို့​သူ၊ ကမ္ဗ​လာ နီ​အ​ထည်​ကုန်​သည်​လု​ဒိ​နာ​မည်​ရှိ​အ​မျိုး သ​မီး​တစ်​ယောက်​ပါ​၏။ သူ​သည်​ဘု​ရား​သ​ခင် အား​ကိုး​ကွယ်​သူ​တစ်​ဦး​ဖြစ်​၏။ သ​ခင်​ဘု​ရား သည်​ပေါ​လု​ဟော​ပြော​လျက်​နေ​သော​တ​ရား စ​ကား​များ​ကို​အာ​ရုံ​စိုက်​စေ​ရန် ထို​အ​မျိုး သ​မီး​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ