သူတို့သည်မောရှေအားလွန်စွာ စိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
တမန်တော်ဝတ္ထု 15:39 - Common Language Bible သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။- Garrad Bible အ ချင်း ဖြစ် ပွား၍ တစ် ယောက် နှင့် တစ် ယောက် ခွဲ ခွာ ပြီး လျှင် ဗာ န ဗ သည် မာ ကု ကို ခေါ် လျက် ကု ပ ရု ကျွန်း သို့ သင်္ဘော စီး လေ၏။ Judson Bible ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ သဘောထားကွဲလွဲမှု ပြင်းထန်လာသဖြင့် သူတို့လမ်းခွဲကြကာ ဗာနဗသည် မာကုကို ခေါ်၍ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်လေ၏။ |
သူတို့သည်မောရှေအားလွန်စွာ စိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
ကိုယ်တော်ရှင်၏ပညတ်တော်မှတစ်ပါး အဘယ်အရာမှပြီးပြည့်စုံလင်ခြင်း မရှိကြောင်းကိုကွန်တော်မျိုးသိမြင်လာ ပါ၏။
အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
ထိုသူတို့အားလည်းပေါလုကိုပြုစုလုပ်ကျွေး ခွင့်ပေး၏။ ထိုမြို့မှထွက်ခွာကြသောအခါ လေဆန်နှင့်ကြုံနေသဖြင့် ကုပရုကျွန်းလေ ရိပ်ကိုခို၍ရွက်လွှင့်ရကြ၏။-
ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။-
ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။-