Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 4:10 - Common Language Bible

10-11 ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ အာ ရိ တ္တာ ခု၊ ယု တ္တု ခေါ် ယေ ရှု ပါ ရောက် လာ လျှင် လက် ခံ ကြ လော့ ဟု ငါ မှာ ဘူး သော ဗာ န ဗ၏ ညီ တော် သူ မာ ကု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ငါ​နှင့်အတူ​အကျဉ်းချ​ခံ​နေ​ရ​သူ​အာရိတ္တာခု​နှင့် ဗာနဗ​၏​ညီဝမ်းကွဲ​မာကု​တို့​သည် သင်​တို့​ကို နှုတ်ဆက်​လိုက်​ပါ​၏။ မာကု​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို​လက်ခံ​ကြ​ပါ​ဟူသည့် သူ​နှင့်​ပတ်သက်သော​ညွှန်ကြား​ချက်​များ​ကို သင်​တို့​ရရှိ​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ကျွန်ုပ်​နှင့်​အတူ အကျဉ်းချခံရသော အာရိတ္တာခု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ​၏​ညီဝမ်းကွဲ မာကု​တို့​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မာကု​သည် သင်တို့​ထံသို့ ရောက်လာ​လျှင် ညွှန်ကြားထားသည့်​အတိုင်း သူ့​ကို ကြိုဆိုကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 4:10
17 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-


ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။


ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။-


သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။


တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-


ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-


ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-


ယော​သပ်​ဟု​နာ​မည်​တွင်​သော​လူ​တစ်​ယောက် ရှိ​၏။ သူ့​အား​တ​မန်​တော်​တို့​က​ဗာ​န​ဗ​ဟူ​၍ မှည့်​ခေါ်​ကြ​၏။ (ဗာ​န​ဗ​၏​အ​နက်​ကား​အား ပေး​ကူ​ညီ​သူ​ဟူ​၏။) သူ​သည်​ကု​ပ​ရု​ပြည် သား၊ လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​၏။-


သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။


အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။


လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-


ခ​ရစ်​တော်​ယေ​ရှု​အ​တွက်​ကြောင့်​ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သူ​ဧ​ပ​ဖြ​က​လည်း​ကောင်း၊-


ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တ​ခု၊ ဒေ​မ​နှင့်​လု​ကာ​တို့​က လည်း​ကောင်း​သင့်​ကို​နှုတ်​ဆက်​ကြ​၏။-


ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​ခြင်း​ကို သင်​တို့ နည်း​တူ​ခံ​ရ​သည့်​ဗာ​ဗု​လုန်​မြို့​အ​သင်း​တော် ဝင်​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။ ငါ့ သား​မာ​ကု​က​လည်း​နှုတ်​ဆက်​လိုက်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ