ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-
တမန်တော်ဝတ္ထု 15:22 - Common Language Bible ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။- Garrad Bible ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊ Judson Bible ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကိုရသော ယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်း သဘောညီညွတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။ |
ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
သို့ဖြစ်၍တပည့်တော်တို့သည် လူနှစ်ယောက်မှ တစ်ယောက်ကိုရွေးကောက်ရန်အဆိုပြုကြ၏။ ထိုသူနှစ်ယောက်ကားဗာရှဗ (ခေါ်) ယုတ္တုနာမည် သစ်ကိုရသူယောသပ်နှင့်မဿိတို့ဖြစ်၏။-
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။-
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။-
သို့ဖြစ်၍ကျွန်ုပ်တို့သည်သူတို့နှင့်အတူယုဒ နှင့်သိလတို့ကို သင်တို့ထံသို့စေလွှတ်လိုက်ပါ သည်။ ကျွန်ုပ်တို့၏စာတွင်ရေးသားဖော်ပြထား သည့်အကြောင်းအရာများကို သူတို့ကိုယ်တိုင် လည်းပြောပြကြပါလိမ့်မည်။-
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
ပေါလုမူကားသိလကိုရွေးချယ်၍ထွက်ခွာ သွားလေသည်။ ယုံကြည်သူများသည်ပေါလု အားသခင်ဘုရား၏ကျေးဇူးတော်သို့အပ်နှံ ကြ၏။-
သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။-
ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။-
ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။-
အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။
သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။-
ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-
သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
ပေါလု၊ သိလွာနုနှင့်တိမောသေတို့ထံမှ ခမည်းတော် ဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သည့် သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ ခံစားရကြပါစေသတည်း။
ပေါလု၊ သိလွာနု၊ တိမောသေတို့ထံမှငါတို့ အဖဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သော သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။-
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။