တမန်တော်ဝတ္ထု 11:27 - Common Language Bible27 ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ထို ကာ လ ယေ ရု ရှ လင် မြို့ မှ အ န္တိ အုတ် မြို့ သို့ ရောက် လာ ကြ သော ပ ရော ဖက် တို့ အ နက်၊ အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့သို့လာကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ထိုအချိန်တွင် ပရောဖက်များသည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
ဤအကြံကိုတပည့်တော်အပေါင်းတို့နှစ်သက် ကြ၏။ သူတို့သည်သတေဖန်ကိုရွေးချယ်ကြ ၏။ သတေဖန်သည်ယုံကြည်ခြင်းအားကြီး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူဖြစ် ၏။ ထို့နောက်ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့်နိကောလတို့ကိုလည်းရွေးချယ် ကြ၏။ နိကောလကားယုဒအမျိုးသားမဟုတ်၊ ယုဒဘာသာသို့ကူးပြောင်းလာသူအန္တိအုတ် မြို့သားဖြစ်၏။-
ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-
ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-