Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:1 - Common Language Bible

1 ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​ထံ​မှ​ငါ​တို့ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သော သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပေါ လု၊ သိ လွာ နု၊ တိ မော သေ တို့ က ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၌ တည် နေ သော သက် သာ လော နိတ် အသင်း တော့် ထံ ရေး လိုက် သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌​တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​က ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ကို ယုံကြည်ကြသော သက်သာလောနိတ်​မြို့သားတို့​၏ အသင်းတော်​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:1
5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-


ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။-


သူ​တို့​သည်​ခ​ရီး​ဆက်​ခဲ့​ရာ​အံ​ဖိ​ပေါ​လိ​မြို့ နှင့်​အာ​ပေါ​လော​နိ​မြို့​ကို​ဖြတ်​၍ သက်​သာ လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ တ​ရား​ဇ​ရပ်​ရှိ​၏။-


သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ