ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
ဇာခရိ 4:4 - Common Language Bible ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။ Garrad Bible ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ အို အ ရှင် ဘု ရား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု ဆက် လက် မေး ပြန် သော်၊ Judson Bible ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါနှင့်စကားပြောသောကောင်းကင်တမန်အား ငါက “အကျွန်ုပ်၏သခင်၊ ဤအရာများကား မည်သို့ ဆိုလိုပါသနည်း”ဟု မေးလျှောက်လျှင် |
ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။
ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
ကောင်းကင်တမန်က``သင်မသိပါသလော'' ဟုဆိုလျှင် ငါကလည်း``အရှင်အကျွန်ုပ်မ သိပါ'' ဟုပြန်လည်ဖြေကြားလိုက်၏။
ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။-
ထိုနောက်ငါသည်ကောင်းကင်တမန်အား``အရှင်၊ ဤစစ်မြင်းရထားများကားမည်သည့်အနက် ကိုဆောင်ပါသနည်း'' ဟုမေးလျှင်၊
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။