Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 5:6 - Common Language Bible

6 ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မည် သို့ ပါ နည်း ဟု ငါ မေး သော် ထင် ရှား သော ဤ အ ရာ ကား၊ တင်း တောင်း တည်း ဟူ၍ လည်း ကောင်း၊ ပြည် လုံး နှံ့ ရှိ သော ဒု စ ရိုက် တည်း ဟူ၍ လည်း ကောင်း မိန့် ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ရာ​ကား အ​ဘယ်​အ​ရာ​နည်း​ဟု ငါ​မေး​သော်၊ ထို​အ​ရာ​သည် ထွက်​သွား​သော ဧ​ဖာ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ ထို​အ​ရာ​သည် တစ်​ပြည်​လုံး၌ သူ​တို့၏​အ​ကြံ​အ​စည်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ငါ​က​လည်း “​ထို​အရာ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​သော် သူ​က “​လွင့်မျော​နေ​သော​ဧဖာ​ဖြစ်၍ တစ်ပြည်လုံး​ကျူးလွန်​သော​အပြစ်​ကို ပုံဖော်​၏​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 5:6
8 ပူးပေါင်းရင်းမြစ်များ  

မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။-


ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-


``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-


တန်​ဖိုး​မ​ရှိ​သော​ဂျုံ​စ​ပါး​ကို​တက်​စျေး ဖြင့်​ရောင်း​မည်။ အ​ကြွေး​နစ်​လွန်း​သ​ဖြင့် ဆင်း​ရဲ​နေ​သူ​ကို​ရှာ​ပြီး​ကျွန်​အ​ဖြစ်​နှင့် ခြေ​နင်း​တစ်​ရံ​စာ​မျှ​ဖြင့်​ဝယ်​ယူ​မည်'' ဟု​သင်​တို့​ဆို​ကြ​လေ​ပြီ။


ဆိုး​သွမ်း​သော​သူ​တို့​၏​အိမ်​များ​တွင်​မ​တ ရား​သ​ဖြင့် ရ​ရှိ​ထား​သော​ဥစ္စာ​ပစ္စည်း​များ ရှိ​၏။ သူ​တို့​သည်​မ​မှန်​ကန်​သည့်​အ​ခြင် အ​တွယ်​တို့​ကို​သုံး​ကြ​၏။ ထို​မ​မှန်​ကန် သည့်​အ​ခြင်​အ​တွယ်​တို့​ကို​ငါ​ရွံ​ရှာ​၏။-


ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။


ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ