ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
ဇာခရိ 2:7 - Common Language Bible သို့ရာတွင်အချင်းပြည်နှင်ဒဏ်သင့်သူတို့ ယခုသင်တို့သည်ဗာဗုလုန်ပြည်မှထွက်ပြေး ကာယေရုရှလင်မြို့သို့ပြန်လာကြလော့။- Garrad Bible သ တို့ သ မီး ဗာ ဗု လုန် နှင့် နေ ထိုင် သော၊ အို ဇိ အုန် မြို့ သူ တို့၊ ပြေး ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ Judson Bible ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထွက်ပြေးကြ၊ ဘေဘီလုံသမီးထံ၌နေသော အို ဇိအုန်မြို့သားတို့၊ ထွက်ပြေးကြ”ဟု မိန့်တော်မူ၏။ |
ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-
ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-
ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊ ``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။ သူနှင့်အတူအပြစ်မကူးကြနှင့်။ သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။