အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ဇာခရိ 14:1 - Common Language Bible ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား ခပ် သိမ်း တို့ ကို၊ သင် ယေ ရု ရှ လင် မြို့ နှင့် တိုက် ခိုက် ရန် စု ရုံး တော် မူ သ ဖြင့်၊ မြို့ အ လယ် တွင်၊ သင့် ပ စ္စည်း ကို လု ယက် ဝေ ဖန် မည့် နေ့ ရက် တော် ရောက် လိမ့် တ ကား။ မြို့ တော် သည် သိမ်း ယူ ခြင်း၊ အိမ် များ သည် လု ယက် ခြင်း၊ မိန်း မ တို့ သည် မု ဒိမ်း ကျင့် ခြင်း၊ မြို့ သူ မြို့ သား တ ဝက် သည် သုံ့ ဘမ်း သိမ်း သွား ခြင်း များ ကို၊ ခံ ရ ကြ သော် လည်း၊ ကျန် တ ဝက် ကား၊ မြို့ တော် မှ ပယ် ရှား မ ခံ ရ သည့် အ တိုင်း။ Judson Bible ထာဝရဘုရား၏နေ့ရက်သည် ရောက်သောအခါ၊ သူတစ်ပါးတို့သည် သင်၏ဥစ္စာကိုလုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်ရောက်လာပြီ။ ထိုနေ့တွင် သင်တိုက်ခိုက်လုယူထားသောပစ္စည်းတို့ကို သင့်ရှေ့၌ပင် ခွဲဝေယူကြလိမ့်မည်။ |
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
ထောင်ပေါင်းများစွာသောသူတို့သည် တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ ထိုချိုင့်ဝှမ်းသို့ထာဝရဘုရား တရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။
``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။
ယုဒပြည်သူတို့ကမူယေရုရှလင်မြို့ အတွက် ခုခံကာကွယ်တိုက်ခိုက်ကာလူမျိုး တကာတို့၏ဥစ္စာဘဏ္ဍာများဖြစ်သော ရွှေ ငွေအဝတ်အစားအမြောက်အမြားကို တိုက်ရာပါပစ္စည်းအဖြစ်သိမ်းယူကြလိမ့် မည်။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။-
ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
သူတို့သည်နိမိတ်လက္ခဏာများကိုပြနိုင်သော နတ်မိစ္ဆာများ၏ဝိညာဉ်များဖြစ်ကြ၏။ အနန္တ တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ ဝင်ရန် ကမ္ဘာတစ်ဝန်းလုံးရှိရှင်ဘုရင်များအား စုရုံးခြင်းငှာသူတို့သည်ထွက်ခွာသွားကြ၏။