ဇာခရိ 14:14 - Common Language Bible14 ယုဒပြည်သူတို့ကမူယေရုရှလင်မြို့ အတွက် ခုခံကာကွယ်တိုက်ခိုက်ကာလူမျိုး တကာတို့၏ဥစ္စာဘဏ္ဍာများဖြစ်သော ရွှေ ငွေအဝတ်အစားအမြောက်အမြားကို တိုက်ရာပါပစ္စည်းအဖြစ်သိမ်းယူကြလိမ့် မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ယု ဒ လူ မျိုး သည် ယေ ရု ရှ လင် မြို့ ဘက်၌ တိုက် ခိုက် သ ဖြင့်၊ ဝန်း ဝိုင်း သော လူ မျိုး ခြား တို့ ရွှေ ငွေ အ ဝတ် တန် ဆာ မှ စ သော စည်း စိမ် အ မြောက် အ မြား ကို စု သိမ်း ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက်ကြလိမ့်မည်။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၏ ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက် ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ယုဒအမျိုးတို့သည်လည်း ဂျေရုဆလင်မြို့တွင် ပါဝင်တိုက်ခိုက်ကြ၍ ဝန်းကျင်ရှိလူမျိုးအပေါင်းတို့၏ဥစ္စာပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ အဝတ်အစား အမြောက်အမြားတို့ကို သိမ်းယူကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-