ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊
ဆာလံ 81:5 - Common Language Bible ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။ မသိမကျွမ်းသောအသံကိုငါကြားရ၏။ Garrad Bible အိ ဂျစ် ပြည် ပေါ် တွင် ကြွ တော် မူ ရာ၊ ယော သပ် အ နွယ် ၌ သက် သေ ခံ ချက် ကို ထို သို့ စီ ရင် တော် မူ သ တည်း။ မ သိ မ ကျွမ်း သော ဘာ သာ ကို ငါ ကြား ရ မည် မှာ၊ Judson Bible နားမလည်သောစကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တစ်ဖက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အီဂျစ်ပြည်ကိုဆန့်ကျင်ရန် ကြွတော်မူသောအခါ ထိုအရာကို ယောသပ်အမျိုးအတွက် သက်သေခံချက်အဖြစ် တည်စေတော်မူ၏။ ငါမသိမကျွမ်းသောဘာသာစကားကို ငါကြားရ၏။ |
ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊
ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက် မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
ထိုနောက်မောရှေကဘုရင်အား``ထာဝရ ဘုရားက `သန်းခေါင်ယံအချိန်တွင် ငါသည် အီဂျစ်ပြည်သားတို့ထံသို့ကြွလာ၍၊-
``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။-
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
ငါနှင့်သင်တို့ဖွဲ့ထားသည့်ပဋိညာဉ်၏အမှတ် လက္ခဏာဖြစ်စေရန်နှင့် ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုလည်း သင်တို့အားသတိရစေရန် ဥပုသ်နေ့ကိုသန့်ရှင်းစေကြလော့' ဟုငါ သတိပေး၏။
စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-