ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
ဆာလံ 81:3 - Common Language Bible လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင် ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။ Garrad Bible လ ဆန်း နေ့၊ ငါ တို့ ပွဲ ခံ ရာ လ ပြည့် နေ့ ၌၊ တံ ပိုး မှုတ် ခြင်း ကို ပြု ကြ လော့။ Judson Bible လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ပွဲနေ့တည်းဟူသော လဆန်းနေ့၊ လပြည့်နေ့၌ တံပိုးကိုမှုတ်ကြလော့။ |
ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
တံပိုးခရာနှင့်နှဲတို့ကိုမှုတ်၍ငါတို့ဘုရင် ထာဝရဘုရား၏ရှေ့တော်၌ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။-
လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။-