Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 16:15 - Common Language Bible

15 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မြေ ထွက် အ သီး အ နှံ မှ စ သော ပြု လေ ရာ ရာ တွင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ သည် ကို ထောက်၍၊ ရွေး ချယ် တော် မူ မည့် ဌာ န၌ ပင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့၊ ခု နစ် ရက် ပတ် လုံး အား ရ ရွှင် လန်း စွာ ပူ ဇော် ပွဲ ကျင်း ပ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​သည် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်​ရက်​ပတ်လုံး ပွဲတော်​ကျင်းပ​ရ​မည်​။ သို့ပြုလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​၏​အသီးအနှံ​အားလုံး​၊ သင်​ပြု​သော​အမှု​ဟူသမျှ​ကို ကောင်းချီးပေး​တော်မူ​၍ သင်​သည် အလွန်​ဝမ်းမြောက်​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 16:15
11 ပူးပေါင်းရင်းမြစ်များ  

ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-


ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-


ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-


သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-


``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''


ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-


ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ