ဆာလံ 33:2 - Common Language Bible2 စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible2 စောင်း တီး လျက် ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ခြင်း၊ ကြိုး ဆယ် ပင် စောင်း နှင့် ဂုဏ် တော် ကို ကျူး ဧ ခြင်း ပြု ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible2 စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
ကျွန်တော်မျိုးသည်အမှန်ပင်ကိုယ်တော်ရှင်အား စောင်းတီး၍ထောမနာပြုပါမည်။ အို ကျွန်တော်မျိုး၏ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုထောမနာပြုပါမည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောအရှင်ဖြစ်တော်မူသည့် ကိုယ်တော်ရှင်အားစောင်းတီး၍့ဋ္ဌမ္မသီချင်း များဖြင့် ချီးမွမ်းပါမည်။
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊