၂ ရာချုပ် 2:4 - Common Language Bible4 ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ဣ သ ရေ လ လူ မျိုး အ မြဲ ထုံး တမ်း အ လိုက် ရှေ့ တော် တွင် နံ့ သာ ပေါင်း အ သင်း အ ထုံ ကို တင် ရှို့ ရန် လည်း ကောင်း၊ ရှေ့ တော် မုန့် ကို အ စဉ် တင် ရန်လည်း ကောင်း၊ ညဉ့် ယံ၊ နံ နက် ယံ၊ ဥပုသ် နေ့၊ လ ဆန်း နေ့၊ ကျွန်ုပ် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပွဲ တော် နေ့ များ၌ မီး ရှို့ ရာ သ က္ကာ ကို ပူ ဇော် ရန်လည်း ကောင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ နာ မ တော် အ ဖို့ ဗိ မာန် တော် ကို ကျွန်ုပ် တည် ဆောက်၍ လှူ ဒါန်း ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible4 ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။