ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
ဆာလံ 8:6 - Common Language Bible သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။ Garrad Bible လက် တော် ဖြစ် ဟူ သ မျှ ပေါ် တွင်၊ အုပ် စိုး ခွင့် ပြု လျက်၊ သိုး နွား ရှိ သ မျှ ပြင်၊ သား ယဉ် သား ရဲ မှ စ၍၊ လေ သ တ္တ ဝါ၊ ရေ သ တ္တ ဝါ၊ ရေ လမ်း သွား လာ သ မျှ သော တိ ရ စ္ဆာန် တို့ နှင့် အ ရာ ခပ် သိမ်း ကို၊ သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ။ Judson Bible ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုးကောင်းကင်ငှက်၊ မြန်မာ့စံမီသမ္မာကျမ်း သူ့အား ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကိုအုပ်စိုးစေ၍ အရာခပ်သိမ်းတို့ကိုသူ၏ခြေအောက်၌ ချထားတော်မူပြီ။ |
ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။-
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ဘုရားသခင်သည်ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏ခြေဖဝါးတော်အောက်တွင်ချ ထား၍ ကိုယ်တော်အားအသင်းတော်အဖို့ အထွတ်အထိပ်အရှင်သခင်အဖြစ်ဖြင့် ခန့်ထားတော်မူ၏။-
သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။-
ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူပါ၏'' ဟုဖော်ပြထား၏။ ကျမ်းစာတော်က`ခပ် သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူ၏' ဟုဆိုရာ၌လူ၏စိုးမိုးခြင်းကို မခံရ သည့်အရာတစ်စုံတစ်ခုမျှမရှိဟူ၍ဆို လိုသတည်း။ သို့ရာတွင်ယခုအခါ၌ လူ သည်ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ရ ကြောင်း ငါတို့မတွေ့မမြင်ကြရပေ။-
ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။