သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
ဆာလံ 74:2 - Common Language Bible ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။ Garrad Bible ရှေး ကာ လ က၊ ပိုင် တော် မူ ရာ လူ မျိုး အ ဖြစ်၊ ဝယ် ထား ရွေး နုတ် သော ပ ရိ သတ် တော် ကို လည်း ကောင်း၊ ကိန်း ဝပ် ခဲ့ ဖူး သော ဇိ အုန် တောင် တော် ကို လည်း ကောင်း၊ သ တိ ရ လျက်၊ Judson Bible ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။ |
သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။
ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။
ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူမျိုးတော်အဖြစ်ရွေးချယ်ထားတော်မူ လေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားပေတည်း။
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။