ဆာလံ 68:16 - Common Language Bible16 ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible16 အ ချင်း တောင် ထွဋ် များ တို့၊ ဘု ရား သ ခင် ကိန်း ဝပ် ရာ သ ဘော တော် မြတ် ရာ တောင် တော် ကို၊ အ ဘယ့် ကြောင့် မျက် စောင်း ထိုး ကြ သ နည်း။ ထာ ဝ ရ ဘု ရား သည် အ စဉ် ကိန်း ဝပ် တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှာ အလိုရှိတော်မူသောတောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသောတောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 တောင်ထိပ်များစွာရှိသောတောင်တို့၊ ဘုရားသခင်သည် မိမိစံပယ်ရာအရပ် ဖြစ်စေလိုသောတောင်ကို သင်တို့သည် အဘယ်ကြောင့်မနာလိုစိတ်နှင့်ကြည့်နေကြသနည်း။ အမှန်စင်စစ် ထာဝရဘုရားသည် ထိုအရပ်၌ အစဉ်ကိန်းဝပ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-