ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
ဆာလံ 71:3 - Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ကျောက်တောင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကာကွယ်ရန်အတွက်ခိုင်ခံ့ သည့် ရဲတိုက်ဖြစ်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံသော၊ ကျွန်တော်မျိုးကိုကာကွယ်သောအရှင် ဖြစ်တော်မူပါ၏။ Garrad Bible အ ကျွန်ုပ် အ စဉ် ခို ဝင် ရာ ကျောက် တောင် သ ဖွယ် ဖြစ် တော် မူ ပါ။ အ ကျွန်ုပ် ကျောက် တောင်၊ အ ကျွန်ုပ် ခံ တပ် ဖြစ် တော် မူ သည့် အ လျောက်၊ ကယ် တင် ရန် အ မိန့် ရှိ တော် မူ ခဲ့ ပါ ပြီ။ Judson Bible အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက် ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အစဉ်မပြတ်ဝင်ရောက်မှီခိုနိုင်သောကျောက်ဆောင်ဖြစ်တော်မူပါ။ အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်အမိန့်ရှိတော်မူပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်နှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်ပါ၏။ |
ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ငါသည်ထာဝရဘုရားအား တောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
အို ဘုရားသခင်၊ ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များ ဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှ ကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
သင်သည်ထာဝရဘုရားအားသင့်ကိုကွယ်ကာသော အရှင်အဖြစ်ဖြင့်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားအား သင်ခိုလှုံသောအရှင်အဖြစ်ဖြင့်လည်းကောင်း လက်ခံသည်ဖြစ်၍
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။