ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပိန် ကြုံ လျက် ရှိ သော ကြောင့် သ နား တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ ရိုး စုံ နာ ကျင် လျက် ရှိ သော ကြောင့် ချမ်း သာ စေ တော် မူ ပါ။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိရှိစေတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။
အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကယ်မတော်မူရန်ကိုယ်တော်ရှင်၏ထံတော်သို့ ကျွန်တော်မျိုးအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ ဝေဒနာကိုငြိမ်းစေတော်မူပါ၏။
ဝမ်းနည်းကြေကွဲမှုကြောင့်ကျွန်တော်မျိုး မောပန်းနွမ်းလျလျက်ရှိပါ၏။ ငိုယိုမှုကြောင့်ကျွန်တော်မျိုးအသက်တို ရပါ၏။ ကျွန်တော်မျိုးသည်မိမိခံရသောဆင်းရဲဒုက္ခ အပေါင်းကြောင့်အားအင်ချိနဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏အရိုးများပင်လျှင် ဆွေးမြေ့ကုန်ပါပြီ။
ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။
ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။
ကျွန်တော်မျိုးသည်အဖျားအပူရှိန်ပြင်းထန်လျက် အသဲအသန်ဖြစ်နေပါ၏။
ရွှင်လန်းဝမ်းမြောက်သံများကိုကျွန်တော်မျိုးအား ကြားခွင့်ပေးတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စိတ်ပျက်အားလျော့စေတော်မူသော်လည်း ကျွန်တော်မျိုးသည်တစ်ဖန်ပြန်၍ရွှင်ပျလာ ပါလိမ့်မည်။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။-
သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။