ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
ဆာလံ 48:8 - Common Language Bible ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။ Garrad Bible ငါ တို့ ကြား ဖူး သည့် အ တိုင်း ပင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ မြို့ တော်၊ ငါ တို့ ဘု ရား သ ခင်၏ မြို့ တော်၌၊ ဒိ ဋ္ဌ မြင် ရ ကြ ပြီ။ ဘု ရား သ ခင် သည်၊ ထို မြို့ တော် ကို၊ အ စဉ် အ မြဲ တည် စေ တော် မူ မည်။ Judson Bible ငါတို့သည် ကြားဖူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏မြို့တော်၌ တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲ တည်စေတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့ကြားခဲ့ရသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ မြို့တော်တည်းဟူသော ငါတို့ဘုရားသခင်၏မြို့တော်တွင် ငါတို့မြင်ရကြလေပြီ။ ဘုရားသခင်သည် ထိုမြို့တော်ကို ကာလအစဉ်အဆက်တည်စေတော်မူမည်။(စေလာ) |
ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
ဇိအုန်တောင်အားလူမျိုးအပေါင်းတို့ဖွားမြင်ရာ မိခင်ဟူ၍လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသည် ထိုတောင်ကိုခိုင်ခံ့စေတော်မူလိမ့်မည် ဟူ၍လည်းကောင်းလူတို့ပြောဆိုကြ လိမ့်မည်။
ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။
သင့်အားလှော်ခတ်သူတို့သည်ပင်လယ်ထဲသို့ ထုတ်ဆောင်လာသောအခါ၊ အရှေ့လေသည်ပင်လယ်ထဲ၌သင့်ကို ပျက်စီးသွားစေ၏။
နောင်ကာလတွင် ဗိမာန်တော်တည်ရာတောင်သည် အမြင့်ဆုံးတောင်ဖြစ်လိမ့်မည်။ ရှိသမျှသောတောင်တို့ထက်ပိုမို၍မြင့်မား လိမ့်မည်။ လူမျိုးများစွာတို့သည်ထိုတောင်သို့စုရုံး ရောက်ရှိလာ၍၊
ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-