ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ဆာလံ 47:4 - Common Language Bible ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။ Garrad Bible ချစ် တော် မူ သော ယာ ကုပ် ၏ ဘုန်း ကြက် သ ရေ ဖြစ် သော၊ ငါ တို့ ပိုင် ပြည် ကို ရွေး ချယ် တော် မူ ပြီ။ Judson Bible ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဖို့ ရွေးပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ) |
ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ထာဝရဘုရားကိုသစ္စာစောင့်သောလူစု တော်သည် ထူးမြတ်လှပါသည်တကား။ ငါ၏အနှစ်သက်ဆုံးအရာသည်ထိုသူတို့ နှင့်အတူ နေထိုင်ခွင့်ပင်ဖြစ်ပါ၏။
``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အားသားအဖြစ်လက်ခံ၍ ပျော်မွေ့ဖွယ်ကောင်းသောပြည်၊ ကမ္ဘာပေါ်တွင်အသာယာဆုံးသောပြည်ကို ပေးအပ်ရန်ငါအလိုရှိခဲ့၏။ သင်သည်ငါ့အားအဖဟုခေါ်၍အဘယ်အခါ ၌မျှ ငါ့အားကျောမခိုင်းဘဲနေရန်၊ငါအလိုရှိခဲ့၏။
သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်ကိုငါ့ထံသို့ ပြန်လာစေမည်။ ငါသည်သူတို့အားအကြွင်းမဲ့ချစ်မည်။ သူတို့အပေါ်၌အမျက်တော်ပြေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
(ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-