တရားဟော 33:3 - Common Language Bible3 ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 မြတ် နိုး တော် မူ သော အ နွယ် များ အ နက် သန့် ရှင်း သူ အ ပေါင်း တို့ သည်၊ လက် တော် အောက် တွင် မြဲ လျက်၊ ခြေ တော် ရင်း တွင် ခ စား လျက်၊ ဗျာ ဒိတ် တော် ကို နာ ခံ လျက် ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။ အခန်းကိုကြည့်ပါ။ |
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-