ဆာလံ 47:3 - Common Language Bible3 ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လူ မျိုး တို့ ကို ငါ တို့ အောက် ၌ လည်း ကောင်း၊ လူ မျိုး ခြား တို့ ကို ငါ တို့ ခြေ အောက်၌ လည်း ကောင်း၊ နှိပ် နင်း တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible3 လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။