သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဆာလံ 40:7 - Common Language Bible သို့ဖြစ်၍ကျွန်တော်မျိုးပြန်လျှောက်ထားပါ၏။ ``ကျွန်တော်မျိုးအသင့်ရှိပါ၏။ ကျွန်တော်မျိုးအတွက်ကိုယ်တော်ရှင်ပေးတော် မူသော ညွှန်ကြားချက်များသည်ပညတ်ကျမ်း၌ပါ ရှိပါ၏။ Garrad Bible ထို အ ခါ၊ အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ကျမ်း ဂန်၌ အ ကျွန်ုပ် နှင့် စပ်၍ ရေး ထား သည့် အ တိုင်း အ ကျွန်ုပ် ရောက် လာ ပါ ပြီ။ Judson Bible ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည်သွားပါမည်ဟု ဝန်ခံပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
မောပန်းနွမ်းနယ်သူအား၊အားအင်ဖြည့်တင်းပေး နိုင်ရန် အဘယ်သို့ပြောဆိုရမည်ကို ငါ့အားထာဝရအရှင်ဘုရားသခင် သွန်သင်ပေးတော်မူလေပြီ။ မိမိသွန်သင်တော်မူမည့်အရာကိုနားထောင်ရန် ကိုယ်တော်သည်ငါ့အားနံနက်တိုင်းစိတ်စောလျက် နေစေတော်မူ၏။
ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။-
ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။