တမန်တော်ဝတ္ထု 10:43 - Common Language Bible43 ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible43 ထို အ ရှင် ကို ယုံ ကြည် သော သူ တိုင်း နာ မ တော် အား ဖြင့် အ ပြစ် ပြေ လွတ် ခွင့် ရ မည် ဟူ၍ ပ ရော ဖက် ရှိ သ မျှ တို့ သက် သေ ခံ ကြ သည် ဟု ဟော ပြော လေ၏။ အခန်းကိုကြည့်ပါ။Judson Bible43 ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 ထိုအရှင်နှင့်ပတ်သက်၍ ပရောဖက်အားလုံးတို့သည်လည်း ‘ကိုယ်တော်ကိုယုံကြည်သောသူတိုင်း ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရ၏’ဟု သက်သေခံကြ၏”ဟူ၍ ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း43 ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။''
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-