ဆာလံ 40:6 - Common Language Bible6 ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible6 ပူ ဇော် သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို နှစ် သက် တော် မ မူ ပါ။ အ ကျွန်ုပ်၏ နား များ ကို ဖွင့် တော် မူ ပါ ပြီ။ မီး ရှို့ ရာ သ က္ကာ နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို လည်း အ လို တော် မ ရှိ ပါ။ အခန်းကိုကြည့်ပါ။Judson Bible6 ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-