ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။
ဆာလံ 14:3 - Common Language Bible သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။ Garrad Bible ခပ် သိမ်း တို့ လမ်း လွဲ၍ ညစ် ညမ်း လျက် ရှိ နေ ကြ ကုန် ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ချေ။ Judson Bible လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။ |
ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
ကွန်တော်မျိုးသည်ပောက်သွားသောသိုးကဲ့သို့ လမ်းမှားလက်ရှိပါ၏။ သို့ဖြစ်၍ကြွတော်မူလက်ကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအား ရှာတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုမမေ့မလော့ပါ။
လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။
ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။ သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။
ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-
ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-
သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။-
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-