ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
ဆာလံ 135:4 - Common Language Bible ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။ Garrad Bible အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး ကို ပိုင် ရာ တော် အ ဖြစ်၊ ဣ သ ရေ လ အ မျိုး ကို ပိုင် ဆိုင် ရာ အ ထူး အ ဖြစ်၊ ရွေး ကောက် တော် မူ ပြီ။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဖို့လည်းကောင်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော် ဖြစ်စေခြင်းငှာလည်းကောင်း ရွေးကောက်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။ |
ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤ သူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူ တို့သည်ငါစီရင်ချက်ချမှတ်ရာနေ့၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သား အပေါ်တွင် ကရုဏာထားသကဲ့သို့ငါ သည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-
သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။-
ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-