ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
ဂလာတိ 6:9 - Common Language Bible သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။- Garrad Bible ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။ Judson Bible ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။ |
ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။
သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
ငါထာဝရဘုရားသည်သင့်အားတစ်ပူ ပေါ်တွင်တစ်ပူဆင့်၍ပေးတော်မူသောကြောင့် သင်သည်အရှုံးပေးလျက်ငြီးတွားမှုဖြင့် ပင်ပန်းနွမ်းနယ်လျက်စိတ်တည်ငြိမ်မှုမရ နိုင်ဟုဆိုချေသည်။
ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-
ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။
သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
သို့ဖြစ်၍သခင်ယေရှုသည်ထတော်မူ၍ထို သူနှင့်အတူကြွတော်မူ၏။ တပည့်တော်တို့ လည်းလိုက်သွားကြ၏။
ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။-
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။-
သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။-
ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။-
သုစရိုက်ကိုပြုသဖြင့်ဆင်းရဲဒုက္ခရောက်ခြင်း သည်ဘုရားသခင်၏အလိုတော်အရဖြစ်လျှင် ယင်းသည်ဒုစရိုက်ကိုပြုခြင်းထက်ပို၍ ကောင်း၏။-
သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
သင်သည်ခံနိုင်ရည်ရှိပေသည်။ ငါ၏အတွက် များစွာဆင်းရဲခံပေသည်။ စိတ်အားလည်း မလျော့။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။