ဗျာဒိတ် 2:7 - Common Language Bible7 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။ အခန်းကိုကြည့်ပါ။Garrad Bible7 အ သင်း တော် တို့ အား ဝိ ညာ ဥ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ အ သက် ပင်၏ အ သီး စား ခွင့် ကို ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။ အခန်းကိုကြည့်ပါ။Judson Bible7 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။