လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
ဂလာတိ 4:3 - Common Language Bible ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။- Garrad Bible ထို နည်း တူ ငါ တို့ သည် အ ရွယ် မ ရောက် သည့် ကာ လ လော ကီ စာ ဝါ ငယ့် အောက် ကျွန် ခံ လျက် နေ ခဲ့ ရ သော် လည်း၊ Judson Bible ထိုနည်းတူငါတို့သည် အရွယ်မရောက်မီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။ |
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။-
သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်ကိုသွေးစမ်းလိုကြသနည်း။ ငါတို့ဘိုး ဘေးများသော်လည်းကောင်း၊ ငါတို့ကိုယ်တိုင် ပင်သော်လည်းကောင်း၊ မထမ်းနိုင်သည့်ဝန်ကို အဘယ်ကြောင့်ထိုသူတို့အားထမ်းစေကြ ပါသနည်း။-
ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။-
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။-
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။-
ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။-
ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။
အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-
ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-
ထိုသူသည်ယဇ်ပုရောဟိတ်အရိုက်အရာကို လူတို့ချမှတ်ထားသည့်စည်းမျဉ်းဥပဒေများ အရခံယူရရှိထားသည်မဟုတ်။ အဘယ် အခါ၌မျှ မကုန်မဆုံးနိုင်သည့်အသက်၏ တန်ခိုးအာနုဘော်အရခံယူရရှိထားခြင်း ဖြစ်၏။-