ဂလာတိ 1:1 - Common Language Bible တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။ Garrad Bible လူ တို့ ထံ မှ မ ဟုတ်၊ လူ ဖြင့် မ ဟုတ်၊ ယေ ရှု ခ ရစ် ဖြင့် လည်း ကောင်း၊ ကိုယ် တော် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော ခ မည်း တော် ဘု ရား သ ခင် ဖြင့် လည်း ကောင်း၊ Judson Bible လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်လည်းကောင်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့် လည်းကောင်း၊ တမန်တော်ဖြစ်သော ငါပေါလုမှစ၍၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ |
ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။-
အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-
သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊-
ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်အဖြစ် ခန့်ထားခြင်းခံရ သူပေါလုနှင့်ညီတိမောသေတို့ထံမှ ကောရိန္သု ရှိဘုရားသခင်၏အသင်းတော်ဝင်များမှစ၍ အခါယပြည်နယ်ရှိဘုရားသခင်၏လူစု တော်ဝင်တို့ထံသို့စာရေးလိုက်ပါသည်။
သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-
ထိုနောက်အချိန်သင့်သောအခါ၌ထို ထာဝရအသက်ကိုတရားတော်အားဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။ ငါတို့၏ ကယ်တင်ရှင်ဘုရားသခင်သည်ထိုတရား တော်ကို ငါ့အားပေးအပ်တော်မူသည်ဖြစ်ရာ ငါသည်ကိုယ်တော်၏အမိန့်တော်အရထို တရားတော်ကိုကြေညာ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-