ရောမ 1:1 - Common Language Bible1 သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 သန့် ရှင်း သော ကျမ်း ဂန် များ၌ ပ ရော ဖက် တို့ ဆင့် ဆို နှင့် သော ဘု ရား သ ခင့် သ တင်း တော် မြတ် အ လို့ ငှါ တ မန် တော် အ ဖြစ် သန့် ခြား ခေါ် ထား ပြီး သည့် အ တိုင်း။ အခန်းကိုကြည့်ပါ။Judson Bible1 လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။