လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
ကောလောသဲ 4:6 - Common Language Bible သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။ Garrad Bible အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။ Judson Bible လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။ မြန်မာ့စံမီသမ္မာကျမ်း လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။ |
လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးအပ်တော် မူသော ပညတ်တော်အပေါင်းကိုအသံကယ်စွာ ရွတ်ဆိုပါမည်။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ဆုံးမသွန်သင်ခက်မားကိုဘုရင်တို့ရှေ့တွင် ဖော်ပြကြေညာပါမည်။ ကွန်တော်မျိုးသည်အရှက်တကွဲဖြစ်ရလိမ့်မည် မဟုတ်ပါ။
အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။
ဘုရားသခင်အားကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ကိုယ်တော်သည်ငါ့အတွက်အဘယ်သို့ ကျေးဇူးပြုတော်မူကြောင်းကိုငါပြောမည်။
ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။-
ဆားသည်သင်တို့နှင့်ဘုရားသခင်ပြုထား သောပဋိညာဉ်ကိုပုံဆောင်သောကြောင့် ဘော ဇဉ်သကာဟူသမျှတွင်ဆားခတ်ရမည်။ (သင်တို့ဆက်ကပ်သောပူဇော်သကာရှိသမျှ တို့တွင်ဆားခတ်ရမည်။-)
``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။
ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။ ``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။
လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-
သင်တို့၏သားသမီးများအားသင်ကြားပေး လော့။ သင်တို့သည်အိမ်၌ရှိသည်ဖြစ်စေ၊ ခရီး သွားသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ၊ အလုပ် လုပ်နေသည်ဖြစ်စေ ဤပညတ်များအကြောင်း ကိုပြောဆိုနေရမည်။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-