ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
ကောလောသဲ 3:17 - Common Language Bible သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ Garrad Bible ၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ Judson Bible စကားပြောသော်လည်းကောင်း၊ အမှုဆောင်ရွက်သော်လည်းကောင်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ |
ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။
သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-
ပေါလု၊ သိလွာနုနှင့်တိမောသေတို့ထံမှ ခမည်းတော် ဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သည့် သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ ခံစားရကြပါစေသတည်း။
အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။
ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊ အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်း မိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
သားတော်ကိုပစ်ပယ်သူသည်ခမည်းတော်ကို လည်းပစ်ပယ်သူဖြစ်၏။ သားတော်ကိုလက်ခံ သူသည်ခမည်းတော်ကိုလည်းလက်ခံသူ ဖြစ်၏။
သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။