Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 3:18 - Common Language Bible

18 ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မ ယား ဖြစ် သူ တို့၊ အ ရှင် ဘု ရား၌ သင့် လျော် သည့် အ တိုင်း လင့် အောက် အ နွံ အ တာ ခံ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဇနီးသည်တို့… သခင်ဘုရား​၏ လူများ ပြုမူနေထိုင်​သင့်သည့်​အတိုင်း သင်တို့​၏ ခင်ပွန်းသည်​ကို နာခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 3:18
12 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။


ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-


သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-


အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-


မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-


သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။-


အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။-


သွန်​သင်​မှု​ကို​သော်​လည်း​ကောင်း၊ အ​မျိုး​သား တို့​အ​ပေါ်​တွင်​အာ​ဏာ​ပြ​မှု​ကို​သော်​လည်း ကောင်း အ​မျိုး​သ​မီး​တို့​အား​ငါ​ခွင့်​မ​ပြု။ သူ​တို့​သည်​တိတ်​ဆိတ်​စွာ​နေ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ