အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
ကောလောသဲ 3:10 - Common Language Bible လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။- Garrad Bible ဖန် ဆင်း တော် မူ သော အ ရှင့် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ အ သိ ပ ညာ ထိုး ထွင်း ခြင်း ငှာ အ သစ် ပြု ပြင် လျက် ရှိ သော လူ သစ် ကို ဝတ် ဆင် ကြ လေ ပြီ။ Judson Bible ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသစ်ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်ကို မှန်ကန်စွာ သိနိုင်ရန် ထိုလူသစ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အစဉ် အသစ်ပြုပြင်မွမ်းမံခံရ၏။ |
အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-
သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
သို့ဖြစ်၍ငါတို့သည်ဗတ္တိဇံအားဖြင့်ခရစ်တော် နှင့်အတူ မြှုပ်နှံခြင်းကိုခံသဖြင့်ကိုယ်တော် နှင့်အတူအသေခံကြ၏။ ကိုယ်တော်နှင့်အတူ အသေခံရသည့်အကြောင်းမှာခမည်းတော် သည်ဘုန်းတန်ခိုးတော်အားဖြင့် ကိုယ်တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသည် နည်းတူငါတို့အားလည်းဘဝသစ်၌ကျင် လည်ရကြစေရန်ဖြစ်သတည်း။
ဘုရားသခင်သည်မိမိရွေးချယ်ထားသူတို့ အား မိမိ၏သားတော်ကဲ့သို့ဖြစ်လာကြစေ ရန်သီးသန့်ထားတော်မူ၏။ ဤသို့ပြုတော်မူ ခြင်းမှာသားတော်အားညီအမြောက်အမြား ထဲတွင်နောင်တော်ကြီးဖြစ်စေရန်ပင်တည်း။-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။-
လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။-
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
ဤအရည်အသွေးများကိုမေတ္တာဖြင့်ဖြည့်စွက် လော့။ မေတ္တာသည်အရာခပ်သိမ်းကိုစုစည်း၍ လုံးဝစည်းလုံးညီညွတ်စေသတည်း။-
ယုံကြည်သူများဖြစ်ကြသောသင်နှင့်ငါတို့ သည် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းအား ဖြင့် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါတို့ခံစားရသည့်ကောင်းချီးမင်္ဂလာအပေါင်း ကိုပိုမိုနက်နဲစွာသိရှိနားလည်နိုင်ကြရန် ငါဆုတောင်း၏။-
ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-