တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
ကောလောသဲ 1:4 - Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။ |
တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။-
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
ယခုအခါတိမောသေသည်ငါတို့ထံသို့ ပြန်လည်ရောက်ရှိလာပေပြီ။ သူသည်သင်တို့ ၏မေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းသတင်း ကောင်းကိုယူဆောင်လာခဲ့၏။ သင်တို့သည် ငါတို့အားအစဉ်သတိရလျက်နေကြ ကြောင်းကိုလည်းကောင်း၊ သင်တို့အားငါတို့ တွေ့မြင်လိုသကဲ့သို့သင်တို့သည် ငါတို့အား တွေ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေကပြောပြ၏။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။-
ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
ငါတို့အပေါ်ဘုရားသခင်မေတ္တာထားရှိ တော်မူကြောင်းငါတို့ကိုယ်တိုင်သိ၍ယုံ ကြည်ကြ၏။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ ချစ်တတ်သောသူသည်ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင်သည် လည်းထိုသူနှင့်တစ်လုံးတစ်ဝတည်းရှိတော် မူ၏။-