ကောလောသဲ 1:4 - မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။