ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။
ငါ သည်၊ ဓား၊ လေး လက် နက် ဖြင့် အာ မော ရိ လူ မျိုး လက် မှ သိမ်း ယူ သော နယ် တစ် ကျော ကို ညီ အစ် ကို တို့ ထက် သင့် အား ပို၍ ပေး ပြီ ဟု ပြော ဆို ၏။
ထိုမှတစ်ပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။
ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိလူမျိုးတို့လက်ထဲမှ ငါသိမ်းယူခဲ့သောမြေကို ငါသည် သင်၏ညီအစ်ကိုတို့ထက် သင့်ကို ဝေစုတစ်စုပိုပေး၏”ဟု ဆိုလေ၏။
သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
သူသည်ထိုမြေကွက်ကိုရှေခင်၏အဖ ဟာမော်၏သားချင်းတို့ထံမှငွေသား တစ်ရာပေး၍ဝယ်ယူလေသည်။-
သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။-
ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-
အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။-
``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
ရှုခါနာမည်ရှိသောမြို့သို့ရောက်တော်မူ၏။ ထိုမြို့သည်ယာကုပ်ကသားယောသပ်အား ပေးသည့်မြေယာအနီးတွင်တည်ရှိ၏။-
သားဦးသည်သူပို၍ချစ်သောမယား၏သား မဟုတ်သော်လည်း သူရသင့်ရထိုက်သောအမွေ ဥစ္စာနှစ်ဆကိုပေးရမည်။ ထိုသားသည်သား ဦးဖြစ်သည်ကိုအသိအမှတ်ပြုလျက် သူ့ အားတရားဝင်ရထိုက်သောဝေစုကိုပေး ရမည်။''
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။
သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။-