Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:23 - Common Language Bible

23 သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို သို့ လျှင် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ ရှေ့ တွင် အာ မော ရိ လူ မျိုး၏ ပြည် ကို သိမ်း ယူ တော် မူ ပြီး ဖြစ် လျက် သင် သည် အ ပိုင် ယူ ရ မည် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ သူ​တို့​ပြည်​ကို နုတ်​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် သိမ်း​ယူ​ရ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​ကို မိမိ​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ ယခုမှာ သင်​သည် ထို​ပြည်​ကို ပြန်​သိမ်းပိုက်​လို​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:23
5 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဋ္ဌား​နှင့်​လေး​လက်​နက်​တို့​ဖြင့်​အာ မော​ရိ​အ​မျိုး​သား​တို့​လက်​မှ​သိမ်း​ယူ​ရ​ရှိ သော​မြေ​သြ​ဇာ​ထက်​သန်​သည့် ရှေ​ခင်​နယ်​ကို သင်​၏​အစ်​ကို​တို့​အား​ငါ​မ​ပေး။ သင့်​အား သာ​ငါ​ပေး​၏'' ဟု​ဆို​လေ​၏။


ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-


ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။


သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-


သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ