သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
ကမ္ဘာဦး 45:26 - Common Language Bible သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။ Garrad Bible ယော သပ် ရှိ သေး ကြောင်း၊ အိ ဂျစ် တစ် ပြည် လုံး အုပ် ချုပ် ရ ကြောင်း များ ကို ကြား ပြော ကြ သည် ရှိ သော်၊ ယာ ကုပ် သည် ထို သ တင်း ကို မ ယုံ၍ စိတ် အား လျော့ လေ၏။ Judson Bible ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကိုအုပ်စိုးရ၏ဟု ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည်စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံနိုင်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။ |
သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-
ခါနာန်ပြည်ရှိသူတို့၏အဖယာကုပ်ထံ သို့ရောက်ကြသောအခါ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုဖခင်အားပြောပြကြလေ သည်။-
သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
သူတို့သည်အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန် ပြည်ရှိအဖထံသို့ရောက်လာကြ၏။-
ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။
သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-
စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။
သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-